2.4 Creating, Moving and Deleting Files: Introduction

Share this article to...

Introduction

            ဒီအခန်းမှာတော့ Command Line Tools တွေသုံးပြီး Linux မှာ Files တွေ Directories တွေကို ဘယ်လို Manage လုပ်သွားမလဲဆိုတာတွေပြောမှာပါ။

            File ဆိုတာ အချက်အလက် Data တွေကို ဖိုင်အမည်အပါအဝင် အခြားအချက်အလက် Attributes တွေနှင့်အတူ စုစည်းထားတဲ့ အစုအဝေးတခုပါ။ ဥပမာ – ဖုန်းထဲက ဓါတ်ပုံတွေကို ကွန်ပျူတာထဲကို ရွှေ့မယ်၊ ဖိုင်အမည်တွေလည်း ပေးထားမယ်ဆိုလျင် ကွန်ပျူတာမှာ ပုံဖိုင်တွေအများကြီး ရောက်သွားမှာပါ။ အဲ့ဒီဖိုင်တွေမှာ နောက်ဆုံးဖွင့်/ပိတ်ခဲ့တဲ့ (သို့) ပြုပြင်ခဲ့တဲ့ အချိန် (Timestamp) လိုမျိုး Attributes တွေလည်း ရှိနေမှာပါ။

            Directory ဆိုတာ Files တွေ စုစည်းဖို့ အသုံးပြုတဲ့ အထူး File တမျိုးပါပဲ။ စာရွက်တွေ စုစည်းသိမ်းဆည်းရာ ဖိုင်ဗီရိုထဲက File Folders တွေအဖြစ် မြင်လို့ရပါတယ်။ Paper File Folders တွေနှင့် မတူတဲ့အချက်ကတော့ Directories တွေကို အခြား Directories တွေထဲမှာ အလွယ်တကူထားနိုင်တာပါ။

            Linux System မှာ ဖိုင်တွေကို Manage လုပ်ဖို့ အထိရောက်ဆုံးနည်းလမ်းကတော့ Command Line ပါ။ Shell နှင့် Command Line Tools တွေမှာ Graphical File Manager တွေထက် ပိုမိုမြန်ဆန် လွယ်ကူတဲ့ Features တွေ ရှိပါတယ်။

            ဒီအပိုင်းမှာ Files နှင့် Directories တွေ Manage နှင့် Organize လုပ်ဖို့ ls, mv, cp, pwd, find, touch, rm, rmdir, echo, cat, နှင့် mkdir Commands တွေ သုံးပါမယ်။

Case Sensitivity

            Microsoft Windows လို မဟုတ်ဘဲ Linux Systems မှာ File နှင့် Directory Names တွေကို စာလုံးအကြီးအသေး ခွဲမှတ်ပါတယ် မတူဘူးလို့ မှတ်ယူပါတယ်။ ဆိုလိုတာက /etc/ နှင့် /ETC/ ဆိုတဲ့ နာမည်တူတွေနှင့် Directories တွေဟာ တူမှာမဟုတ်ပါဘူး။ အောက်ပါ Commands ကို ကြည့်ပါမယ်။

            pwd Command ဟာ လက်ရှိရောက်နေတဲ့ Directory ကို ပြပါတယ်။ အခုတွေ့ရသလို /ETC Directory ကို ပြောင်းဖို့ အဲ့ဒီ Directory ထဲကိုရောက်ဖို့ Change Directory (cd Command) လုပ်လို့ မရပါဘူး။ /etc Directory ထဲကို ပြောင်းလိုက်ရာမှာတော့ အဆင်ပြေတာ တွေ့ရမှာပါ။